Friday, December 26, 2008
Saturday, December 20, 2008
တတိယအကြိမ် International MANGA Award ကာတွန်းပြိုင်ပွဲ
The Third International MANGA Award
Guidelines for Application
1. Purpose
To promote MANGA overseas.
2. Conditions of Entry
(1) The MANGA works (4 or more pages) must be produced in countries outside Japan. Both published and unpublished works are eligible for entry. However, works which received the First or Second International MANGA Award are not eligible this time.
(2) The works must be submitted in printed form.
(3) Overseas publishing companies are permitted to apply for the Third International
MANGA Award only if they confirm that their MANGA artists consent to their
works being submitted.
3. How to Apply
(1) Application Period
1 December 2008 – 31 January 2009 (entries must arrive by 31 January)
(2) Applications should be sent to either i) or ii) below.
i) P.O.Box 118
The Third International MANGA Award Executive Committee,
Tokyo Toranomon Building 1F, Toranomon 1-1-18, Minato-ku, Tokyo 105-0001
ii) Japanese Embassies or Consulates General (See the website for the address.)
(3) Two copies of the works must be submitted. (Additional copies may be requested for works which win the award.)
(4) Please ensure the entry form, filled in either in English or Japanese, is attached to the works.
4. Return of Works
The submitted works will not be returned to applicants. Therefore, if works have not yet been published, the original should be retained by the artist. We reserve the right to donate submitted works to public organisations.
5. Selection
The Third International MANGA Award Evaluation Committee is in charge of the selection procedure.
6. Prize
(1) The Gold Award of the Third International MANGA Award will be given to the
best MANGA and approximately three works of merit will receive the Silver
Award.
(2) Winners will be invited to Japan for around 10 days for the award ceremony.
7. Award Ceremony
The award ceremony will be held in Tokyo in autumn 2009.
စိတ်ဝင်စားတဲ့သူတွေပြိုင်ပွဲဝင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။အောက်က link ကို နိုပ်ပါ
http://www.mofa.go.jp/policy/culture/manga/03.html
Sunday, December 7, 2008
ရေဆေးပန်းချီကျော် Russell Flint
ပန်းချီဆရာတိုင်းနီးပါး ရေဆေးပန်းချီကားတွေကို ကိုယ်တိုင်ရေးဆွဲခံစားဖူးပါတယ်။ ရေဆေးရဲ့သဘာဝက ပေါ့ပါးတယ်။ သွက်တယ်။ စိတ်ကို ကြည်လင်စေတယ်။ ရွှင်လန်းစေတယ်။ ရေရဲ့သဘာဝက ဖန်တီးတဲ့ ရေဆေးအရသာဟာ ခံစားသူတို့အဖို့ တမူထူးခြားပြီး အရသာရှိစေတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ ကမ္ဘာမှာ ရေဆေးဘုရင်လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ နာမည်က ရာဆာဖရင့် Russell Flint တဲ့။ 1880 မှာမွေးပြီး 1969 ခုနှစ်မှာဆုံးတယ်။ သေဆုံးမယ့်မနက်ခင်းအထိ သူချစ်မြတ်နိုးတဲ့ ရေဆေးပန်းချီကို ရေးဆွဲခဲ့သူပါ။ သူ့ရဲ့ ပန်းချီကားတွေကို ခံစားကြည့်ဖို့ address ဖေါ်ပြပေးလိုက်ပါတယ်။
http://www.artrenewal.org/asp/database/art.asp?aid=1154
http://www.russellflint.org/
Wednesday, December 3, 2008
Monday, December 1, 2008
Art in American interwar period
အာမရီပြပွဲ
Armory Show
ပထမကမ္ဘာစစ်ကြိုကာလ၌ အမေရိကသည် တစ်ရှိန်ထိုးတိုးတက်လာသော စက်မှုစွမ်းပကားကြောင့် ကမ္ဘာ့ ဇာတ်ခုံပေါ်၌ အထက်စီးအနေအထားရရှိလာသည်။ သို့သော် ပန်းချီအနုပညာရှင်များအတွက်မူ ထိုကာလသည် စိတ်ပျက်ဖွယ်အမြုံကာလကြီးသားဖြစ်၏။ အာရှ်ကန်ဂိုဏ်း၏သြဇာကိုမည်သူမျှမတွန်းလှန်နိုင်။ အကယ်ဒမီကျောင်းဆင်း အနုပညာရှင်များက ပန်းချီလောကကို လွှမ်းမိုးထားသည်။သူတို့ကိုယ်သူတို့လည်း ပါရီအနုပညာအကယ်ဒမီ ကျောင်းဆင်းများကဲ့သို့ပင် တော်သည်ဟုယူဆထားကြသည်။
သို့သော် သူတို့သဘောမပေါက်သည်မှာ ပါရီ၌ အနုပညာအကယ်ဒမီကျောင်းကြီးသည်အရေးမပါတော့ခြင်းပင်။ ဥရောပ၏ အနုပညာသည်တော်လှန်ရေးတစ်ရပ်ဆင်နွှဲပြီး အရှိန်အဟုန်ပြင်းစွာတိုးတက်ခဲ့ပြီ။ အသစ်ကို ရှာဖွေခဲ့ကြသည်။ ထိုဆန့်ကျင်ဆန္ဒပြမှုကို အမေရိကန်ပန်းချီပညာရှင် ၂၅ယောက်ကဦးဆောင်ခဲ့သည်။ သူတို့အထဲမှ ဥရောပသို့ရောက်ရှိနေသောတချို့တလေက အမေရိကသို့ပြန်လာပြီး ဥရောပအနုပညာလောက၏အခြေအနေကိုပြောပြကြ၏။ သို့နှင့် ထိုအနုပညာသစ်ကို မြင်တွေ့ခံစားနိုင်ရန် ဥရောပမော်ဒန်ပန်းချီပညာကို အမေရိက၌ ပြသခွင့်ရရန်ကြိုးစာခဲ့ကြသည်။
အာမေရီပြပွဲ၊ သို့မဟုတ် အမေရိက၏ ပထမဆုံးအကြိမ်နိုင်ငံတကာမော်ဒန်ပန်းချီပြပွဲကို ၁၉၁၃၊ ဖေဖောဝါရီလ ၁၇ မှ မတ် ၁၅အထိ နယူးယောက်စီးတီးရှိ အမှတ် ၆၉ ခြေလျင်တပ်ရင်း၊ လက်နက်သိုလှောင်ရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုပြပွဲသည် အမေရိကန်၏ ပန်းချီတိုးတက်မှုသမိုင်း၌ အရေးအပါဆုံးပြပွဲကြီးပင်ဖြစ်၏။ ကနဦးတွင် ပြပွဲကြီးကြပ်ရေးကော်မတီက အမေရိကန်ပန်းချီဆရာများ၏ ကားများသက်သက်သာပြရန်စီစဉ်ခဲ့သည်။ သို့သော်ရှစ်ယောက်(The Eight) အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ အာသာဘီဒေးဗီးကို ပြပွဲစီစဉ်ရေး ဥက္ကထအဖြစ်တင်မြှောက်လိုက်သောအခါ မူလအစီအစဉ်များ ပြောင်းလဲသွား၏။ ဒေးဗီးသည် အနုပညာနှင့်ပတ်သက်၍ ကျယ်ပြန့်စွာလက်ခံနိုင်သူ တစ်ဦးဖြစ်သည်။ ပန်းချီအနုပညာ၏ ပြောင်းလဲမှုလမ်းကြောင်းသစ်များကိုလည်း စိတ်ဝင်တစားအားပေးသူဖြစ်၏။ သူသည် ဝေါ့ခန်းနှင့် ဝေါ်လတာလက်တို့၏ အကူအညီဖြင့် ဥရောပမှပန်းချီကားများကို တစ်နှစ်ကျော်ကြာအောင် ငှါးရမ်းစုဆောင်းခဲ့ပြီး အမေရိက၏ အကြီးကျယ်ဆုံးပန်းချီပြပွဲကို ကျင်းပပေးနိုင်ခဲ့သည်။
မာဆယ်ဒူးရှန့်၏ “ကိုယ်လုံးတီးမယ်လှေကားပေါ်မှာဆင်းလာစဉ်” သည်လာရောက်ကြည့်ရှုသူတို့၏ ထိတ်လန့်တကြားဖြစ်စေခဲ့သည်။ထို့အပြင် စေဇန်း၊ ဗန်ဂိုး၊ ဂေါ်ဂင်၊ မားတိစ်၊ ပီကာဆို၊ ဘရက်၊ လီးဂါး စသည်ဖြင့် ပါရမီအနုပညာဂိုဏ်းတစ်ခုလုံးကို ပြသခဲ့သည်။ အင်းဂရစ် နှင့် ဒယ်လာကွား မှစ၍ အင်ပရက်ရှင်းဝါဒီ၊ နှောင်းပိုင်းအင်ပရက်ရှင်းဝါဒီ၊ သင်္ကေတ၀ါဒီ၊ ဖော်ဗီအုပ်စုနှင့် ကုဗ၀ါဒီ များပါမကျန် ဥရောပမော်ဒန်ပန်းချီသမိုင်းဟု တင်ဆိုနိုင်မည့် လက်ရာပေါင်း ၁၆၀၀ ခန့်ကို ပြသနိုင်ခဲ့သည်။ ထိုပန်းချီကားချပ်များသည် အမေရိကန်အစဉ်အလာပန်းချီဆရာအတွက်ကိုသာမက ပြည်သူများအတွက်ပါ သွေးလန့်ချောက်ချားဖွယ် သစ်လွင်နေခဲ့သည်။ မော်ဒန်ပန်းချီသည် အမေရိက၏ နှလုံးသားကို ကိုင်လှုပ်ပစ်ခဲ့၏။
ထိုစဉ်ကအမေရိက၏ စေဇန်းကိုပင်မသိ။ နံရံဆေးရေးပန်းချီဆရာ ကန်ယွန်ကော့စ်က စေဇန်းကို “လုံးဝပါရမီမရှိတဲ့လူ” ဟုဆိုခဲ့ပြီး ဗန်ဂိုးကိုမူ “ဆေးရောင်ကိုတောင်တပြန့်တည်းအထူအပါးညီညီမဆွဲနိုင်ဘူး”ဟု ဝေဖန်ခဲ့၏။ပန်းချီနှင့်ပတ်သက်၍ လူပြိန်းအသိသာ ရှိသည့် သီယိုဒိုးရုစဗဲ့က “ငါ့ရေချိုးခန်းထဲက နာဗာယိုကော်ဇောကိုတောင် ဒီပန်းချီကားတွေထက် ပိုကြိုက်သေးတယ်”ဟု ပြောခဲ့၏။ ထိုပြပွဲ၏ အားနည်းချက်မှာ ပန်းပုကဏ္ဍမစုံလင်ခြင်း ဝေဒနာဝါဒီများ သိပ်မပါဝင်ခြင်းနှင့် အနာဂတ်ဝါဒီများလုံးဝမပါရှိခြင်းတို့ဖြစ်သည်။
သို့သော် ထိုပြပွဲသည် အမေရိကန်ပန်းချီအပေါ် မဖော်ပြနိုင်လောက်အောင် အကျိုးကျေးဇူးပြုခဲ့သည်။ ရှေ့ပြေးပန်းချီဆရာများဖြစ်သည့် စတူးဝပ်ဒေးဗစ်၊ ရေဂျော်ဂျီယာအိုကိဖ်၊ ဂျိုးဇက်စတယ်လာ၊ ဂျွန်မာရင်၊ အာသာဒပ်ဖ်တို့သည် အာမရီပြပွဲကိုကြည့်ပြီး ပို၍ အားတက်လာခဲ့ကြသည်။ သူတို့၏ မော်ဒန်ပန်းချီလက်ရာများကို ပို၍ အားသွန်ခွန်စိုက် ဖန်တီးခဲ့ကြသည်။ သို့သော်လည်း သရုပ်မှန်ပန်းချီ၏ သြဇာခံများဖြစ်သည် အာရှ်ကန်ဂိုဏ်းနှင့် ယင်း၏အမွေခံမျာဖြစ်သည့် အမေရိကန်မြင်ကွင်းပန်းချီနှင့် လူမှုသရုပ်မှန်ဝါဒတို့သည် အမေရိကန်ပန်းချီကို နောင်နှစ်ပေါင်းသုံးဆယ်လောက်အထိ ဆက်လက်စိုးမိုးခဲ့ကြသည်။
Sunday, November 16, 2008
Photoshop action များ
http://www.visual-blast.com/photoshop/124-free-photoshop-actions/
Monday, November 3, 2008
အက်ဒွပ်ဟော့ပါး
ဟော့ပါးကို နယူးယောက်ပြည်နယ်၊ ညက်မြို့ ကလေး၌ ၁၈၈၂ တွင်မွေးဖွားခဲ့သည်။ ဖခင်မှာ လူလတ်တန်းစားတစ်ဦးဖြစ်သည်။ ဟော့ပါးက ဖခင်၏ကုန်ခြောက်ဆိုင်တွင်ရံဖန်ရံခါ ၀င်ရောက်ကူညီလေ့ရှိသည်။ ၁၈၉၉ တွင်ဟော့ပါးက ပန်းချီဆရာတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုအခါ မိဘနှစ်ပါးက စီးပွားရေးအရတွက်ခြေကိုက်သော ကြော်ငြာသရုပ်ဖော်ပန်းချီလိုင်းကိုလိုက်ရန် ဖျောင်းဖျခဲ့ကြသည်။ ဟော့ပါးသည် နယူးယောက် ပန်းချီအနုပညာကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ သူ့အပေါ် သြဇာအသက်ရောက်ဆုံး ပန်းချီဆရာမှာ ရောဘတ်ဟင်နရီ ဖြစ်၏။
ဟော့ပါးသည် အထနှေးသူဖြစ်သည်။ သူ၏တိုးတက်မျှုမှာ နှေးကွေးလှသည်။ အနုပညာကျောင်း၌ ၇ နှစ်ခန့် တက်ရောက်ခဲ့သည်။ ထိုခေတ်က လူငယ်ပန်းချီဆရာများကဲ့သို့ပင် ဟော့ပါးသည် ပြင်သစ်သို့သွား၍ သင်ယူဆည်းပူးလိုစိတ် ပြင်းပြခဲ့၏။ ၁၉၀၆၊ အောက်တိုဘာတွင် မိဘ၏ အထောက်အပံ့ဖြင့် ပြင်သစ်သို့ထွက်ခွါသွား၏။ ထိုကာလသည် မော်ဒန်ပန်းချီသမိုင်း၌ အရေးပါသောအချိန်ကာလဖြစ်သော်လည်း ဟော့ပါးအပေါ်တွင်မူ သက်ရောက်မှုများစွာမရှိလှ။
“အဲဒီမှာ ဘယ်သူနဲ့တွေ့ခဲ့သလဲ။ ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး။ ဂါးထရုစတိန်းကိုတော့ ကြားဖူးတယ်။ ပီကာဆိုကိုတော့ ကြားဖူးလားမကြားဖူးဘူးလားတောင် မမှတ်မိဘူး။ ညညဆိုရင် ကဖေးဆိုင်သွားတယ်။ အဲဒီမှာထိုင်ပြီးငေးနေတာပဲ။ ပြဇာတ်ရုံ ကိုတော့သိပ်မသွားဖြစ်ဘူး။ ပါရီဟာ ကျွန်တော့အပေါ် သိပါပြီး ရိုက်ခတ်မှုမရှိခဲ့ဘူး”
သို့သော်သူ့မျက်စိကိုဖမ်းစားခဲ့သည်မှာ ပါရီ၏ အလင်းရောင်ဖြစ်သည်။ အလင်းရောင်ဟာ တခြားကျုပ်သိတဲ့ ဘယ်အရာနဲ့မှမတူဘူး။ အရိပ်တွေတောက်ပနေရဲ့။ တံတားတွေရဲ့အောက်မှာတောင် တောက်ပမှုတစ်စုံတရာရှိနေတယ်။ ဖြစ်နိုင်တာကတော့ အဲဒီမှာ တိမ်တွေနိမ့်နေလို့ပဲ။ တိမ်တွေဟာ အိမ်ခေါင်မိုးတွေရဲ့ အပေါ်လေးမှာပဲ။ ကျုပ်ကတော့ အမြဲတမ်း အလင်းရောင်ကို စိတ်ဝင်စားနေခဲ့တာပါ
တကယ်တော့ အလင်းရောင်သည် ဟော့ပါးပန်းချီကားများ၏ ဇာတ်ဆောင်ပင်ဖြစ်သည်။ သို့သော် ပျော့ပျောင်း လင်းထိန်သောပါရီ၏ အလင်းရောင်မျိုးမဟုတ်။ မြင့်မားသောကောင်းကင်ပေါ်မှ စွေစောင်းကျဆင်းလာသည့် အမေရိကန်၏ သန့်စင်ပြီး စူးရဲတောက်ပသော အလင်းရောင်ဖြစ်၏။ ဥပမာ တနင်္ဂနွေ မနက်စောစောပန်းချီကား ၌ အညှာအတာကင်းမဲ့နေသော ထိုအလင်းရောင်မျိုးကို မြင်တွေ့ရသည်။ ထိုအလင်းရောင်သည် ဟော့ပါး၏ တစ်သက်တာ စိတ်စွဲလမ်းမှုတစ်ရပ် ဖြစ်ခဲ့သည်။ ဟော့ပါး၏ ပန်းချီကားများမှာ သမားရိုးကျ မြင်ကွင်းများသာ ဖြစ်၏။ သို့သော် ထိုသမားရိုးကျမြင်ကွင်းများသည်ပင် ဟော့ပါ၏ဖန်တီးမှုဖြင့် မမေ့နိုင်စရာ မြင်ကွင်းများဖြစ်လာခဲ့သည်။ သူသည် အမေရိက ၏ အနှစ်သာရကင်းမဲ့သည့် စရိုက်လက္ခဏာနှင့် လူးသား၏ ကြေကွဲဖွယ် အထီးကျန်ဆန်မှုတို့ကို တစ်ပြိုင်နက် ဖေါ်ကြူးနိုင်ခဲ့သည်။
၁၉၁၃ တွင် နယူးယောက်၌ ကျင်းပသော အာမရီပြပွဲ၌ သူ၏ပန်းချီကားတစ်ကား ပထမဆုံးအကြိမ်ရောင်းထွက်ခဲ့သည်။ ၁၉၂၀ တွင် တစ်ကိုယ်တော် ပြပွဲ ပြုလုပ်သည်။ ထိုပွဲတွင်တော့ တစ်ကားမှ မရောင်းရ။ ထိုအချိန်တွင် ဟော့ပါး၏ အသက်မှာ ၃၇နှစ် ရှိနေပြီ။ သူ့ကိုယ်သူလည်း ပန်းချီဆရာတစ်ယောက်အဖြစ် အောင်မြင်ပါ့မလားဟု သံသယ ဖြစ်စပြုလာ၏။ အသက်မွေးဝမ်းကျောင်းအနေနှင့် ငွေရလွယ်သော ကြော်ငြာပန်းချီနှင့် ပုံနှိပ်ကားများ ဆွဲနေရဆဲပင်။
ဟော့ပါးသည် ဂရင်းဗစ်ခ်ျရွာ၌ အခြေချခဲ့သည်။ အိမ်နီနားချင်းဖြစ်သူ ဂျိုးနစ်ဗစ်ဆင်နှင့်လက်ထပ်ချိန်၌ သူက ၄၄ နှစ်၊ ဂျိုးက အသက် ၄၀ ရှိနေပြီ။တကယ်တော့ ဟင်နရီ၏ပန်းချီသင်တန်းတက်စဉ်ကတည်းက သူမကို ဟော့ပါးသိနေခဲ့၏။ လက်ထပ်ပြီးချိန်မှစ၍ ဟော့ပါး၏ဘ၀မှာ ပြောင်းလဲလာခဲ့သည်။ ၁၉၂၄ တွင်နယူးယောက်ရှိ ရန်းဂယ်လာရီ၌ ကျင်းပသော သူ၏ ဒုတိယတစ်ကိုယ်တော်ပြပွဲသည် အရောင်းစွံခဲ့၏။ နောက်တစ်နှစ်မှာပင် သူ၏ အကောင်းဆုံးလက်ရာတစ်ခုဖြစ်သော မီးရထားသံလမ်းဘေးက အိမ်ကြီး ကိုဆွဲခဲ့သည်။ ထိုပန်းချီကား၏ အကြောင်းအရာတစ်ခုမှာ ခရီးသွားခြင်း၏ အထီးကျန်မှုဖြစ်သည်။ ထိုအချိန်တွင် ဟော့ပါးကိုယ်၌လည်း အမေရိကအနှံ့ လျှောက်သွားနေချိန်ဖြစ်သည်။ သူက ကားတစ်စီးဝယ်နိုင်လောက်အောင် ချမ်းသာနေပြီးဖြစ်သည်။
ဟော့ပါးသည် အမေရိကန်တို့ မျက်လုံးထောင့်စွန်းမှမြင်ရသော အရာများကိုသာမဟုတ်၊ သူတို့ ခပ်ရေးရေးတွေးမိပြီး ခံစားရသောအကြောင်းအရာများကိုလည်း ရေးဆွဲခဲ့သည်။ ညဉ့်ငှက်များ ၌ မည်းမှောင်သောည၊ အိပ်မပျော်သည့် ရောဂါ၊ အထီးကျန်မှု၊ တိတ်ဆိတ်သောအဖော်နှင့် ထူးဆန်းသောအလင်းရောင် စသည်တို့ကိုရေးဆွဲခဲ့သည်။ ထိုပန်းချီကားများထဲမှ ကြည့်သူနှင့် မျက်နှာချင်းဆိုင်စုံတွဲသည် စိတ်ဝင်စားဖွယ်ကောင်း၏။ ထို့ထက်ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကြည့်သူကို ကျောပေး၍ ထိုင်နေသူဖြစ်၏။ သူသည် မိမိ၏အဇ္ဈတ္တ အတွင်း၌ ထောင်ချောက်မိနေသော ဟော့ပါး၏ အထီးကျန်ဇာတ်လိုက်ပင်ဖြစ်၏။
ဟော့ပါ၏လူများသည် အမြဲတစေ ငေးနေလေ့ရှိသည်။ မသိနိုင်သော အရပ်ဒေသတစ်ခုဆီသို့ ငေးမောနေပုံမျိုးဖြစ်၏။ စုံတွဲများသည် တစ်ယောက်နှင့် တစ်ယောက် မကြည့်။ အေးစက်လှသည်။ သူတို့၏ စိတ်များမှာလည်းလွင့်မျောနေ၏။ သေချာသည်မှာ အားလုံးသည် အထီးကျန်လူသားများကို ဆလိုက်ထိုးထားသည့်အလား ရှိ၏။ ကိပ်ကော့ မနက်ခင်းတွင် ရိုးရာအိမ်ပုံစံ ၊ သိမ်မွေ့နူးညံ့သော အလင်းရောင် နှင့် အဖော်မဲ့မိန်မကို တစ်ယောက်တစ်နေရာစီးငေးနေသော လင်မယား၊ ခွေးတစ်ကောင်နှင့် ခရမ်းရင့်ရင့်တောအုပ်ကိုဆွဲခဲ့၏။ ပန်းချီကာကြီးထဲမှ အိမ်ကြီး၏ တဲခါးပေါက်အားလုံးမှာ တင်စေ့ပိတ်ထား၏။ လူသားနှစ်ဦးစလုံးမှာအေးစက်တောင့်တင်းလျက်။
ဟော့ပါးသည် သရုပ်မှန်ပန်းချီဆရာတစ်ဦးဖြစ်သည်။ သို့သော် ထိုထက်ပို၏။ သူ၏ပန်းချီကားများသည် ရိုးစင်၏။ ထိုရိုးသားမှုသည်ပင် လှပဆန်းကြယ်သောလျှို့ ၀ှက်မှုဖြစ်လာခဲ့သည်။ ဟော့ပါး၏ အလင်းရောင်သည် မျက်လုံးမှတစ်ဆင့် နှလုံးသားအတွင်းသို့ ၀င်ရောက်လာ၏။ သူရေးဆွဲခဲ့သော တွေ့နေကျဟိုတယ်၊ မိုတယ်၊ မီးရထားလမ်း၊ ဟိုင်းဝေးလမ်းမများ၊ စားသောက်ဆိုင်၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ရုံးများသည် လူသူကင်းသည့် လူသားတို့၏ နာကျင်ကြေကွဲဖွယ်ပြဇာတ်များပင် ဖြစ်ပါသည်။
Wednesday, July 16, 2008
Piet Cornelis Mondrian ဟာ 1972 ခုနှစ် မတ်လ 7 ရက်နေ့ ၊ ဟော်လန်မြို့တော် Amersvoort မှာမွေးဖွားခဲ့ပြီး အသက် ရှစ်နှစ်သားအထိ နေထိုင်ခဲ့တယ်။မွေးချင်းလေးယောက်မှာ ဒုတိယသားဖြစ်တယ်။အကို နှစ်ယောက် ညီမတစ်ယောက်ရှိတယ်။ သူ့အဖေ Pieter Cornelis Sr. က မူလတန်းကျောင်းအုပ်ဖြစ်ပြီး ပုံဆွဲတဲ့နေရာမှာပါရမီထူးချွန်တဲ့ အပျော်တန်းပန်းချီဆရာဖြစ်တယ်။ သူ့ဦလေး Uncle Frits Mondrian ကတော့ ကိုယ်ပိုင်အယူအဆအတွေးအခေါ်နဲ့ ရေးဆွဲတဲ့ပန်းချီဆရာဖြစ်ပြီး ကော်မာရှယ် art မှာလည်းအောင်မြင်တဲ့သူဖြစ်တယ်။သူ့ဦးလေးပန်းချီကားတွေကို ရရှားက တော်ဝင်မင်းမျိုးမင်းနွယ်တွေကတောင် ၀ယ်ယူအားပေးတယ်လို့သိရပါတယ်။ Pieter Cornelis Mondrian Abstractပန်းချီဘက်ကို လှည့်ချိန်(1912ခုနှစ်)မှာတော့ သူ့ဦးလေးနဲ့ သဘောကွဲလွဲငြင်းခုန်ခဲ့ကြပါတယ်။ ပညာရှင်များက အဲဒီအငြင်းပွားမှုဟာ မွန်ဒရီယန်း ရဲ့ပန်းချီတကေံတဟန်ကြောင့်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။
Mondrian မိသားစုသည် ဘာသာရေးအလွန်ကိုင်းရှိုင်းသော ပရိုတက်စတစ် ခရစ်ယန်ဝင်များဖြစ်ကြတယ်။
အနုပညာဆန်တဲ့ မိသားစုတစ်စုဖြစ်ပြီး တေးသီချင်းတွေကို ရေးစပ်သူ၊ ပန်းချီဆွဲသူ တွေဖြစ်တယ်။ သားသမီးလေးယောက် ပညာရေးအတွက် သင့်တော်သလို အကုန်အကျခံ ထောက်ပံ့ပေးခဲ့တယ်။ ငယ်စဉ်ကတည်းက Piet Modrian ဟာ သူ့ရဲ့ ပုံဆွဲအထုံပါရမီကို ဖော်ပြခဲ့တယ်။ ဖခင်က သူ့ကို ပုံဆွဲလေ့ကျင်းခန်းတွေကို ပေးပြီး တောနယ်ဘက်တွေကို ပုံဆွဲဖို့ခေါ်သွားလေ့ရှိတယ်။ဦးလေး Frits က သူ့ကို အခြေခံပန်းချီကို သင်ပေးခဲ့တယ်။
ိ Modrian ရဲ့ ဆယ်ကျော်သက်ဘ၀မှာ ပန်းချီသင်ကြားရင်း ကျောင်းအချို့သွားလာရင်း ဖြတ်သန်းခဲ့တယ်။ သူ့ရဲ့ပညာရေးကို ပန်းချီဆရာBaet van Ueberfeldt ဆီမှာပဲ ဖြည်းစည်းခဲ့တယ်။ ဖခင်က သူ့ကို ပန်းချီသင်ပေးရတဲ့ပန်းချီဆရာဖြစ်စေချင်သလို မွန်ဒရီရန်းကလည်း ကြိုးစားနေထိုင်ခဲ့ရှာတယ်။ သူ့ရဲ့ပန်းချီသင်ကြားခွင့် ဆရာလိုင်စင်ကိုရရှိခဲ့ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာသင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် သူဖခင်သြဇာအောက်မှာပဲ နေထိုင်ခဲ့ရတယ်။ 1982မှာတော့ ကျောင်းပန်းချီနည်းပြဘ၀ကို စွန့်ပစ်ပြီး ပန်းချီအနုပညာရှင်ဘ၀ကို သူရွေးချယ်ဆုံးဖြတ်တယ်။
Saturday, July 5, 2008
Jackson Pollock
jackson pollock လေး ပန်းချီကိုစိတ်ဝင်စားလာချိန်မှာတော့ Los Angelesကသာမာန် အနုပညာအထက်တန်းကျောင်း ကိုသာတက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့အစ်ကိုအကြီးဆုံး Charles ကတော့ နယူးယောက်မြို့က ပန်းချီဆရာ Thomas Hart Benton ရဲ့ရည်ရွယ်ချက်တူသူကျောင်းသားတစ်ယောက်ပေါ့။ သူ့ရဲ့အကြံပေးချက်အရ pollock ဟာ 1930 မှာ အဲဒီပန်းချီဆရာဘင်တွန် ဆီမှာသွားရောက်ပညာသင်ခဲ့တယ်။ pollock က ရှေးသရုပ်မှန်ပန်းချီဆရာတွေရဲ့လက်ရာ နဲ့ နံရံပန်းချီတွေကိုလေ့လာခဲ့တယ်။ သူ့ဆရာ နံရံပန်းချီရေးဖို့အတွက်လည်း ကိုယ်ဟန်ပြပေးခဲ့တယ်(1930 လူမှုဆက်ဆံရေးသူတေသန ကျောင်းသစ်တွင်)။မက်စီကို က နံရံပန်းချီဆရာ José Clemente Orozco ဆီမှာလည်းအလုပ်လုပ်ခဲ့တယ်။
မက်စီကိုနံရံပန်းချီဆရာကြီး David Alfaro Siquieros နဲ့လည်းတွေ့ခဲ့တယ်။သူတို့ရဲ့ အတွေ့အကြုံ နည်းစံနစ်တွေ၊ ကြီးမာတဲ့အနုပညာစွမ်းရည်တွေက pollock အပေါ်များစွာသက်ရောက်စေခဲ့ပါတယ်။
1930 ပတ်ဝန်းကျင်လောက်မှာပဲ pollock ကို အုပ်စုလိုက်ပန်းချီပြပွဲတစ်ခုက ဖိတ်ခေါ်ခဲ့တယ်။ အဲဒီပြပွဲမှာပဲ နောင်သူ့ဇနီးဖြစ်မယ့် Lee Krasner ကိုတွေ့ခဲ့တာပေါ့။ သူ့ရဲ့အနုပညာအလုပ်ဟာလည်း Peggy Guggenheim ရဲ့အာရုံစိုက်ခြင်းကိုခံလာရပါတယ်။Peggy Guggenheim ဆိုတာက New York မြို့ ကအမွေခံ သူဌေးမ ဖြစ်ပြီး Guggenheim Museum ပြတိုက်ကို ငွေကြေးမတည်သူဖြစ်ပါတယ်။ သူမဟာ pollock ရဲ့ ပန်းချီကားတွေကို မူပိုင်ဝယ်ယူသူနဲ့ ထောက်ပံ့ပေးသူ၊ အနုပညာပရိသတ်တွေနဲ့လည်းမိတ်ဆက်ပေးသူ ဖြစ်လာပါတယ်။1943 နိုဝင်ဘာလမှာတော့ pollock ကို တစ်ကိုယ်တော်ပြပွဲပြုလုပ်ပေးပြီး တစ်နှစ်စာအတွက် တစ်လကို ဒေါ်လာ 150 ပေးဖို့ အာမခံလိုက်ပါတယ်။
1945 ခုနှစ်မှာ အရစ်ကျ စံနစ်ဖြင့် The Springs on East Hampton, Long Island မှာ အိမ်ခပ်သေးသေးတစ်လုံးကိုငှားပေးခဲ့တယ်။ pollock တို့လင်မယားဟာ အဲဒီအိမ်လေးမှာပဲ သေတဲ့အထိနေထိုင်သွားခဲ့ပါတယ်။(ယခုထက်တိုင် Pollock-Krasner အိမ်လေးအဖြစ် သင်တန်းခန်းမအဖြစ် တည်ရှိနေပါသေးတယ်)ုအဲဒီမှာပဲ သူဟာ သူ့ရဲ့ အယူအဆတစ်မူထူးခြားတဲ့ အနုပညာလက္ဗဏာသစ်ကြီးကို စတင် ဖန်တီးခဲ့ပါတော့တယ်။ သု့ရဲ့ပန်းချီလက်ရာတွေကို ချီးမွမ်းမကုန်ပြောဆိုကြသလို တစ်ချို့ကလည်းရှုံ့ချ ပစ်ပယ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ်သူဟာ လူအများစိတ်ဝင်တစားစောင့်ကြည့်ရတဲ့ သိသာထင်ရှားသူတစ်ယောက်အဖြစ် ရရှိလိုက်ပါတယ်။ သူ့နာမည်ဂုဏ်သတင်းဟာ နယူးယောက်မြို့က အနုပညာအသိုင်းအ၀ိုင်းတစ်ခုလုံးကျယ်ကျယ်ပြန့်ပြန့်သာမက 1949 သြဂုတ် ကစလို့ အေးစက်ငြိမ်သက်နေတဲ့ကမ္ထကြီးက သူ့ကိုစတင်မိတ်ဆက်ပေးလိုက်ပါတော့တယ်။ magazine တိုင်းက သူ့ကို သတင်းမျက်နှာဖုံးတွေမှာ ဖေါ်ပြလာတဲ့အထိပါပဲ။
1951 မှာတော့ jackson pollock ဟာ သူ့ရဲ့ပန်းချီအသားပေးမှု ပြောင်းလဲခဲ့တယ်။ အောက်ခံမသုတ်ထားတဲ့ ကင်းဗတ်စ် စပေါ်မှာ အနက်ရောင်စီရီးလိုက် ဖန်တီးပြီး အရောင်တွေကို သုံးခဲ့တယ်။
နောက်ထပ်(5)နှစ်ကုန်လွန်ပြီးတဲ့အထိ သူဟာအဆက်မပြတ် အရာင်တွေကိုအမျိုးမျိုးပြောင်းလဲ အသုံးပြုရေးဆွဲရင်းနဲ့ အပြင်းအထန်ကြိုးပမ်းခဲ့တယ်။ အရက်လည်းအဆက်မပြတ်သောက်ခဲ့တယ်။ မသေခင်တစ်နှစ်အလိုကစပြီး ပန်းချီဘက် လုံးဝခြေဦးမတည့်တော့ပါ။
ဒီအချိန်တွေမှာ သူ့ဇနီးနဲ့ အိမ်ထောင်ရေးအခြေအနေ မတည်ငြိမ်၊ တစ်ယောက်တစ်ပေါက်နှင့် နောက်ဆုံး ဇနီးသည်Krasner ဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်လည် ချင့်တွက်ဖို့အတွက် ဥရောပသို့ ထွက်ခွါသွားတော့တယ်။ ဒီနောက်မှာတော့်Krasner ဟာ သူ့ယောင်္ကျားရဲ့ ၀မ်းနည်းကြေကွဲဖွယ် ရုတ်တရက် သေဆုံးမှုကို ကြားလိုက်ရပါတော့တယ်။
Friday, March 14, 2008
ပန်းချီဆရာတွေအတွက် ထောက်ကူပြုဖို့
Monday, February 25, 2008
ပုံဆွဲသင်ဖို့
Saturday, February 23, 2008
ဒီဇိုင်းပညာသင်မလား
elements of design ကတော့ ဒီဇိုင်းဆွဲရင် မဖြစ်မနေအသုံးပြုရမယ့် အရာတွေပါ။ဥပမာပြောရရင်ထမင်းချက်မယ်ဆိုပါတော့ ထမင်းချက်ရင် ဘာတွေလိုမလဲ။ ဆန်၊ရေ၊မီး၊အိုးစတာတွေပေါ့။အဲဒီလိုပဲ ဒီဇိုင်းရေးမယ်ဆိုရင် elements of design ဆိုတာမရှိရင် မဖြစ်ပါဘူး။
principle of design ကတော့ ဒီဇိုင်းဆင်ပုံဆင်နည်းဥပဒေသ ဖြစ်တယ်။ ဥပမာပြောရရင်ထမင်းဖြစ်ဖို့ ဆန်၊ရေ၊မီး၊အိုး ရှိရုံနဲ့မဖြစ်ပါဘူး။ ဘယ်လိုချက်မယ် ဆိုတာနည်းသိဖို့လိုမှာပါ။principle of design ဆိုတာလဲ ချက်နည်းပြုတ်နည်း လိုပါပဲ၊ ဒီဇိုင်းတစ်ခုကို ဘယ်လို ဆင်မယ်ဆိုတဲ့နည်းလမ်း ဖြစ်ပါတယ်။
ကဲအဲဒီဇိုင်းလှလှလေးတွေ ဖန်တီးချင်ရင်တော့ elements of design နဲ့ principle of design ကိုသိဖို့လိုအပ်မှာပါ။ ဒါတွေကို သိချင်ရင် လမ်းညွှန်ပေးပါ့မယ်။ ဒီ website ကို သွားကြည့်လိုက်ပါ။
ဒီဇိုင်းပညာ တိုးတက်နိုင်ပါစေ။
Sunday, February 17, 2008
Friday, February 15, 2008
My art training
သင်တန်းစတင်တက်ရောက်သူ က level-1 ကိုစတက်ရမှာဖြစ်ပါတယ်။
မနှစ်က level-1 အောင်မြင်ပြီးသူတွေသာ level-2 ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။
သင်တန်းကြေးတွေကတော့
level-1 ကို ငွေ10000
level-2 ကို ငွေ 12000
ကျောင်းသား အသက် (7)နှစ်ကနေ စလက်ခံမှာဖြစ်ပါတယ်
လိပ်စာကတော့
အမှတ်(99)၊ သီရိမင်္ဂလာလမ်း နဲ့ မြကန်သာလမ်းဒေါင့်
ဦးမျိုးဝင်း ပေါ်ဖက်
ရေးအေးကွင်းရပ်ကွက်
တောင်ကြီးမြို့။
Friday, February 1, 2008
Monday, January 28, 2008
invite to "min thit kyi" child art-training
It is near to come summer holiday.
Coming soon my art training in Taunggyi.
I invite to my place to all people who interest in basic drawing for child.
" Art is a basically subject of sight-scene"
"Art can promote your child in mind and brain."
Here is a place for your child!...............
min thit kyi
Thursday, January 24, 2008
Nyi Zaw
"Nyi Zaw" is an young artist from Taunggyi.
let's intro to his art.
He use his picture with red,pulple and blue color.
TharZi..