Wednesday, July 16, 2008

Piet Mondrian



Piet Cornelis Mondrian ဟာ 1972 ခုနှစ် မတ်လ 7 ရက်နေ့ ၊ ဟော်လန်မြို့တော် Amersvoort မှာမွေးဖွားခဲ့ပြီး အသက် ရှစ်နှစ်သားအထိ နေထိုင်ခဲ့တယ်။မွေးချင်းလေးယောက်မှာ ဒုတိယသားဖြစ်တယ်။အကို နှစ်ယောက် ညီမတစ်ယောက်ရှိတယ်။ သူ့အဖေ Pieter Cornelis Sr. က မူလတန်းကျောင်းအုပ်ဖြစ်ပြီး ပုံဆွဲတဲ့နေရာမှာပါရမီထူးချွန်တဲ့ အပျော်တန်းပန်းချီဆရာဖြစ်တယ်။ သူ့ဦလေး Uncle Frits Mondrian ကတော့ ကိုယ်ပိုင်အယူအဆအတွေးအခေါ်နဲ့ ရေးဆွဲတဲ့ပန်းချီဆရာဖြစ်ပြီး ကော်မာရှယ် art မှာလည်းအောင်မြင်တဲ့သူဖြစ်တယ်။သူ့ဦးလေးပန်းချီကားတွေကို ရရှားက တော်ဝင်မင်းမျိုးမင်းနွယ်တွေကတောင် ၀ယ်ယူအားပေးတယ်လို့သိရပါတယ်။ Pieter Cornelis Mondrian Abstractပန်းချီဘက်ကို လှည့်ချိန်(1912ခုနှစ်)မှာတော့ သူ့ဦးလေးနဲ့ သဘောကွဲလွဲငြင်းခုန်ခဲ့ကြပါတယ်။ ပညာရှင်များက အဲဒီအငြင်းပွားမှုဟာ မွန်ဒရီယန်း ရဲ့ပန်းချီတကေံတဟန်ကြောင့်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။
Mondrian မိသားစုသည် ဘာသာရေးအလွန်ကိုင်းရှိုင်းသော ပရိုတက်စတစ် ခရစ်ယန်ဝင်များဖြစ်ကြတယ်။
အနုပညာဆန်တဲ့ မိသားစုတစ်စုဖြစ်ပြီး တေးသီချင်းတွေကို ရေးစပ်သူ၊ ပန်းချီဆွဲသူ တွေဖြစ်တယ်။ သားသမီးလေးယောက် ပညာရေးအတွက် သင့်တော်သလို အကုန်အကျခံ ထောက်ပံ့ပေးခဲ့တယ်။ ငယ်စဉ်ကတည်းက Piet Modrian ဟာ သူ့ရဲ့ ပုံဆွဲအထုံပါရမီကို ဖော်ပြခဲ့တယ်။ ဖခင်က သူ့ကို ပုံဆွဲလေ့ကျင်းခန်းတွေကို ပေးပြီး တောနယ်ဘက်တွေကို ပုံဆွဲဖို့ခေါ်သွားလေ့ရှိတယ်။ဦးလေး Frits က သူ့ကို အခြေခံပန်းချီကို သင်ပေးခဲ့တယ်။

ိ Modrian ရဲ့ ဆယ်ကျော်သက်ဘ၀မှာ ပန်းချီသင်ကြားရင်း ကျောင်းအချို့သွားလာရင်း ဖြတ်သန်းခဲ့တယ်။ သူ့ရဲ့ပညာရေးကို ပန်းချီဆရာBaet van Ueberfeldt ဆီမှာပဲ ဖြည်းစည်းခဲ့တယ်။ ဖခင်က သူ့ကို ပန်းချီသင်ပေးရတဲ့ပန်းချီဆရာဖြစ်စေချင်သလို မွန်ဒရီရန်းကလည်း ကြိုးစားနေထိုင်ခဲ့ရှာတယ်။ သူ့ရဲ့ပန်းချီသင်ကြားခွင့် ဆရာလိုင်စင်ကိုရရှိခဲ့ပြီး မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာသင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် သူဖခင်သြဇာအောက်မှာပဲ နေထိုင်ခဲ့ရတယ်။ 1982မှာတော့ ကျောင်းပန်းချီနည်းပြဘ၀ကို စွန့်ပစ်ပြီး ပန်းချီအနုပညာရှင်ဘ၀ကို သူရွေးချယ်ဆုံးဖြတ်တယ်။

No comments: