
ပန်းချီဆရာတိုင်းနီးပါး ရေဆေးပန်းချီကားတွေကို ကိုယ်တိုင်ရေးဆွဲခံစားဖူးပါတယ်။ ရေဆေးရဲ့သဘာဝက ပေါ့ပါးတယ်။ သွက်တယ်။ စိတ်ကို ကြည်လင်စေတယ်။ ရွှင်လန်းစေတယ်။ ရေရဲ့သဘာဝက ဖန်တီးတဲ့ ရေဆေးအရသာဟာ ခံစားသူတို့အဖို့ တမူထူးခြားပြီး အရသာရှိစေတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ ကမ္ဘာမှာ ရေဆေးဘုရင်လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ နာမည်က ရာဆာဖရင့် Russell Flint တဲ့။ 1880 မှာမွေးပြီး 1969 ခုနှစ်မှာဆုံးတယ်။ သေဆုံးမယ့်မနက်ခင်းအထိ သူချစ်မြတ်နိုးတဲ့ ရေဆေးပန်းချီကို ရေးဆွဲခဲ့သူပါ။ သူ့ရဲ့ ပန်းချီကားတွေကို ခံစားကြည့်ဖို့ address ဖေါ်ပြပေးလိုက်ပါတယ်။

http://www.artrenewal.org/asp/database/art.asp?aid=1154
http://www.russellflint.org/

No comments:
Post a Comment